အလုပ်ရှင်ရော အလုပ်သမားပါ သိထားရမည့် နိုင်ငံခြားသားအလုပ်အကိုင်အက်ဥပဒေ
Updated: Apr 18, 2025

Foreign Employment Act B.E. 2521 (1978)
ဥပဒေပုဒ်မ (21) အရ အလုပ်သမားတစ်ယောက်က ၄င်းဝေါ့ခ်ပါမစ်ထဲမှာ ဖော်ပြထားတဲ့ အလုပ်နေရာမှာ မဟုတ်ဘဲ တခြားနေရာမှာ အလုပ် လုပ်နေမယ်ဆိုရင်
ဥပဒေပုဒ်မ (38) အရ (၁)လ ထက်မပိုသော ထောင်ဒဏ်(သို့မဟုတ်) နှစ်ထောင်ဘတ်ထက် မပိုသော ငွေဒဏ် ( သို့မဟုတ်) ငွေဒဏ်ရော ထောင်ဒဏ်ပါ ကျသင့်ခံရမှာ ဖြစ်ပါတယ်။
ဥပဒေပုဒ်မ (22) အရ အလုပ်သမားတစ်ယောက်က ဝေါ့ခ်ပါမစ်မရှိဘဲ အလုပ် လုပ်တာပဲ ဖြစ်စေ၊ ၄င်းဝေါ့ခ်ပါမစ်ထဲမှာ ဖော်ပြထားသတ်မှတ်ထားတာတွေနဲ့ မကိုက်ညီပဲ လုပ်ဆောင်နေတယ်ဆိုရင်
ဥပဒေပုဒ်မ (39) အရ (၃) နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ဘတ် ခြောက်သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လေးဖြစ်စေ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
"Hey! If you're facing any difficulties or have questions, don't worry — we're here to help. Contact us now and our team will assist you right away!"



Comments